Professional UI/UX Design
တန်းခွဲ: PUIX-4
အခြေခံအဆင့်UI/UX Design ကို အခြေခံမှစ၍ ကျွမ်းကျင်အဆင့်ထိ သင်ကြားပေးသော အတန်းဖြစ်သည်။
-
UI Design ကဏ္ဍတွင် App UI, Web UI, Mobile UI စသည်ဖြင့် UI Design အမျိုးမျိုးကို ကျွမ်းကျင်စွာ ဖန်တီးရေးဆွဲနိုင်စေရန်အတွက် ရေးဆွဲနည်း လက်တွေ့နည်းပညာပိုင်းများသာမက၊ ဒီဇိုင်း အိုင်ဒီယာများ၊ ကျွမ်းကျင်အဆင့်တွင် မဖြစ်မနေ သိရန်လိုအပ်သော Wireframing, Prototyping, Responsive Design အစရှိသည့် ဒီဇိုင်း Concepts များနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ အထွေထွေဗဟုသုတများလည်း စုံလင်စွာ ပါဝင်သည်။
-
ပြည့်စုံကောင်းမွန်သော Design များဖန်တီးရာတွင် အသွင်အပြင်လှပအောင် ရေးဆွဲတတ်ယုံနှင့် မလုံလောက်ဘဲ၊ အသုံးပြုရလွယ်ကူမှု၊ အသုံးပြု၍ချောမွေ့၍ နှစ်လိုဖွယ်ရှိသော တုံ့ပြန်မှုကိုပေးနိုင်မှု၊ အသုံးပြုသူ၏ လိုအပ်ချက်နှင့် ကိုက်ညီအသုံးဝင်မှု၊ အသုံးပြုသူ၏ Feedback အလိုက် အဆင်ပြေစွာ အလိုက်သင့် အလုပ်လုပ်နိုင်မှု စသည့် User Experience ခေါ် UX Design ပိုင်းဆိုင်ရာ ဗဟုသုတများ ကျွမ်းကျင်မှုများလည်း လိုအပ်သည်။ အဆိုပါ UX Design ပိုင်းဆိုင်ရာ သီအိုရီများ၊ Research များနှင့်အတူ လက်တွေ့ပရောဂျက်များလည်း ပါဝင်သည်။
-
Design ပညာနှင့် လုပ်ငန်းအတွေအကြုံ (၁၀) နှစ်ကျော်ရှိပြီး၊ လက်ရှိတွင်လည်း ပရောဂျက်ကြီးများတွင် UI/UX Design ပိုင်းများ တာဝန်ယူဆောင်ရွက်နေသော ဆရာမျိုးမောင်မောင် ကိုယ်တိုင်သင်သည့်အတန်း ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မိမိတို့၏ ကြိုးစားအားထုတ်မှု၊ သင်ခန်းစာလိုက်နိုင်မှုတို့ပေါ် မူတည်၍ ပြည်တွင်းပြည်ပ လုပ်ငန်းကြီးများ၊ ပရောဂျက်ကြီးများတွင် UI/UX Designer အဖြစ် ပါဝင်ဆောင်ရွက်ရန် အသင့်ဖြစ်သွားမည်ဖြစ်သည်။
လိုအပ်ချက်
Computer အခြေခံရှိသူများ (သို့) Computer Basic အတန်း ပြီးထားသူများ တက်နိုင်ပါသည်။
ပါ၀င်မည့် အကြောင်းအရာများ
UI Design
- What is UI/UX design
- Figma for Web and Mobile UI Design
- Components, Text & Color Style
- Figma Plugins
- Visual Hierarchy and Layout
- Golden Ratio for Web and Mobile UI Design
- Typography
- Color Theory
- Grids system for Web & Mobile
- Mobile UI Best Practices
- UI Design Patterns for Mobile & Web
- Designing Forms and Input Elements, Icons, Graphics, and Images
Final Project
Students work on UI design project apply all learned principles and skills present and receive feedback on the project
UX Design
- Design Thinking Process
- UX Design Process
- Customer Journey Map
- User Flow
- From UX research to design
- Creating user personas
- How to write an effective research report
- Analyzing data, writing and presenting report
- UX Laws
Final Project
UX to UI (Research -> Brainstorming -> Design -> Usability)
သင်တန်းအပ်ရန်
သင်တန်းသို့ လူကိုယ်တိုင်လာရောက်အပ်နှံနိုင်သလို အောက်ပါ account များမှလည်း သင်တန်းကြေး ပေးသွင်းပြီး အပ်နှံနိုင်ပါသည်။
လိပ်စာ နှင့် ဆက်သွယ်ရန်
လိပ်စာ - အမှတ် (၄၂၉)၊ အခန်း (၈-အေ)၊ ကုန်သည်လမ်း (သိမ်ဖြူလမ်းထောင့်)၊ ဗိုလ်တစ်ထောင်၊ ရန်ကုန်။
ဖုန်း - ၀၉ ၉ ၇၅ ၃၆၅ ၆၆၆, ၀၉ ၇၉ ၅၂၀၀ ၄၃၃
သင်ထောက်ကူ
0No materials
No materials have been added to this class yet.
Week 1
Jan 04, 2026- Plugins
Week 2
Jan 11, 2026- Color Style
- Text Style
- Introduction of UX
- UX process
Week 3
Jan 18, 2026- Autolayout
- Autolayout exercises
Week 4
Jan 25, 2026- Prototype
- Prototype exercises
Week 5
Jan 31, 2026- interior Decoration Website Design
Week 6
Feb 07, 2026- Starting mobile UI/UX design
Week 7
Feb 14, 2026- Design system for coffee shop mobile UI design
တန်းခွဲအချက်အလက်များ
- အဆင့်
- Beginner
- သင်တန်းကာလ
- 12 weeks
- အချိန်စာရင်း
-
နေ့ရက်: Saturday, Sundayအချိန်: 10:30-12:30 PM
- Start Date
- Jan 03, 2026
- သင်တန်းကြေး
- 350000 ကျပ်