Agentic Software Developer

Agentic Software Developer

တန်းခွဲ: ASD-2

အခြေခံအဆင့်
သင်ကြားနေဆဲ

AI Coding နည်းစနစ်များ အသုံးပြု၍ လက်တွေ့အသုံးချအဆင့် ဆော့ဖ်ဝဲများ ကိုယ်တိုင် ဖန်တီးနိုင်အောင် သင်ကြားပေးမည့်အတန်း။

Frontend, Backend, Security, Deployment စသည်ဖြင့် အပြည့်အစုံပါဝင်၍ သာမာန် Vibe Coding လုပ်နိုင်သည့်အဆင့်ထက် များစွာသာလွန်သွားမည် ဖြစ်ပါသည်။

အပျော်တမ်းအဆင့် မဟုတ်ဘဲ၊ အခြေခံခိုင်မာ၍ သပ်ရပ်အသုံးဝင်သော ဆော့ဖ်ဝဲများထိ ဖန်တီးနိုင်စေရန်အတွက်၊ Programming Basic သင်ခန်းစာများနှင့် UI/UX Design သင်ခန်းစာများကိုလည်း အခမဲ့ ပူးတွဲသင်ယူခွင့်ရရှိမည် ဖြစ်ပါသည်။

ဆရာအိမောင် ဦးဆောင်၍ Fairway Technology မှာ ဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာများ ပူးတွဲသင်ကြားသည့် အထူးသင်တန်း ဖြစ်ပါသည်။ Online သင်တန်း ဖြစ်ပြီး၊ ကွန်ပျူတာ အသုံးပြုတတ်သူ မည်သူမဆို တက်နိုင်သည်။ အခြား အခြေခံလိုအပ်ချက် ကန့်သတ်ထားခြင်း မရှိပါဘူး။

== ပါဝင်မည့် အကြောင်းအရာများ ==

AI Coding ကဏ္ဍ

  • AI Model များ အလုပ်လုပ်ပုံ
  • Coding Agent များ
  • Context Engineering
  • Frontend နည်းပညာများ
  • Backend နည်းပညာများ
  • Database နည်းပညာများ
  • Web Apps
  • Mobile Apps
  • ပရောဂျက် အနည်းဆုံး (၅) ခု
  • Security သိမှတ်ဖွယ်ရာများ
  • Deployment သိမှတ်ဖွယ်ရာများ

Programming အခြေခံပိုင်း

  • CLI
  • Dev Environment
  • JavaScript (Nodejs)
  • HTML/CSS
  • SQL Database
  • UI Framework

UI/UX ပိုင်း

  • Web & Mobile Design Patterns
  • Color Theory
  • Typography
  • Form, Components
  • Layouts
  • Responsive Design

Software Development အထူးပြုလေ့လာနေသူ မဟုတ်သော်လည်း၊ AI ခေတ်အပြောင်းအလဲကြောင့် ကိုယ်တိုင် Software များ ဖန်တီးအသုံးပြုလိုသူများနှင့် အထူးသင့်တော်ပါသည်။

  • Software Development ကို အထူးပြု လေ့လာနေသူများက၊ Fairway Technology တွင် ဖွင့်လှစ်ထားသော ကျွမ်းကျင်အဆင့်နှင့် လုပ်ငန်းခွင်ဝင်အဆင့်၊ ပုံမှန် သင်တန်းများကို တက်သင့်ပါသည်။

သင်ထောက်ကူ

0

No materials

No materials have been added to this class yet.

သင်ကြားဆဲ (0/8 weeks)
0%

မှတ်တမ်းမရှိသေးပါ

တန်းခွဲအချက်အလက်များ

အဆင့်
Beginner
သင်တန်းကာလ
8 weeks
အချိန်စာရင်း
နေ့ရက်: Thursday, Friday
အချိန်: 7:00-9:00 PM
Start Date
Aug 20, 2026
သင်တန်းကြေး
380000 ကျပ်